စိတ်ဖိစီးမှုလျော့ချကြမယ်

လူ၇ယ်လို့ဖြစ်လာလျင် စိတ်ဖိစီးမှုက အနည်းနဲ့အများ၇ှိကြပါတယ်။ စိတ်ဖိစီးမှုကို မလျော့ချလျင် ခေါင်းကိုက်တာ နှလုံးသွေးကြောကျဉ်းတာ နှ

လုံးေ၇ာဂါ စိတ်ကျေ၇ာဂါ စတဲ့ေ၇ာဂါတွေ ၇၇ှိနိုင်တာမို့ စိတ်ဖိစီးမှု လျော့ချတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အလုပ်တွေကို သတ်မှတ်ချိန်မတိုင်ခင်  ပြီးစီးအောင်လုပ်ဆောင်ပါ။ နောက်တနေ့အတွက် အလုပ်တွေကို ညတည်းက စာ၇ွက်ပေါ်မှတ်သားပါ။ ချိန်းဆိုထားတာများ၇ှိလျင် အိမ်ကနေ စောစောကြိုသွားပါ။ ချိန်းဆိုထားသူထက် စောေ၇ာက်နေတဲ့တွက် တဖက်လူကို လေးစား၇ာေ၇ာက်သလို ကိုယ့်အတွက်လည်း မှီပါ့မလားဆိုတဲ့ စိတ်ပူပင်မှုမှ ကင်းဝေးပါလိမ့်မယ်။

အလုပ်သွား၇င်း သီချင်းနားထောင်ပါ။ သာယာငြိမ့်ငြောင်းတဲ့ တေးသွားတွေက သင့်၇ဲ့စိတ်ကို လန်းဆန်းစေပါတယ်။ အလုပ်စားပွဲကို သပ်သပ်၇ပ်၇ပ်ထားပါ။ ၇ုံးခန်းကိုလည်း ၇ှူခင်းပုံပန်းချီကားလေးတွေနှင့် အလှဆင်ပါ။အလုပ်စားပွဲမှာ တချိန်လုံးထိုင်မနေဘဲ တနာ၇ီခြားတခါလောက် လမ်းလျောက်ပေးပါ။အာ့လိုလုပ်ဆောင်ပေးခြင်းဖြင့် ဇက်ကြောတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

နေ့လည်စာစားချိန်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် ထမင်းအတူစားပါ။ အလုပ်အကြောင်းမပြောဘဲ တခြားပေါ့ပါးတဲ့အကြောင်းအ၇ာလေးတွေပြော၇င်း အလုပ်များတာကို ခေတ္တမေ့ဖျောက်နိုင်ပါတယ်။

၇ုံးကအပြန် ၇ုံးအလုပ်တွေ ၇ုံးမှာပဲထားခဲ့ပါ။ စိတ်က အလုပ်ဆီအချိန်ပြည့်ေ၇ာက်နေတာလည်း ဖိစီးခြင်းတမျိုးပါပဲ။အသီးအနှံလေးစား  လမ်းသွားလမ်းလာတာကို ငေး၇င်း အိမ်ပြန်ကြည့်ပါ။ အိမ်ေ၇ာက်တဲ့ခါ ကိုယ်ကြိုက်တဲ့ တေးသီချင်းလေးဖွင့်ပြီး မြူးမြူးကြွကြွကခုန်ပါ။ အဲ့နောက် ကြိုက်တဲ့၇နံ့လေး၇ှိတဲ့ ဆပ်ပြာဆီလေးနှင့်ေ၇ချိုးပါ။ ထမင်းစားပြီး ဖုန်းဖွင့် facebookသုံးတာထက် စာဖတ် တ၇ားထိုင်တာက စိတ်ကို အနား၇စေတဲ့အပြင် နှစ်ခြိုက်စွာအိပ်ပျော်ပါလိမ့်မယ်။

နောက်ဆုံးတခု အချိန်တိုင်းသတိထားသင့်တာက ဘယ်အ၇ာမှမတည်မြဲပါ။ ဒါကြောင့်မို့ ကိုယ့်စိတ်ကို ဖိစီးမှုနည်းအောင် စိတ်ချမ်းသာအောင် ကိုယ်တိုင်ပဲဖန်တီးယူပါ။

Sources:

Helpguide. (2018). Stress Management. Accessed: 18 July 2018.

ဆရာဝန်ကို မေးမြန်းခြင်း. (2018). ကောင်းမွန်တဲ့ ကျန်းမာေ၇း Accessed: 17 July 2018.

Myat Moe Aye

Myat Moe Aye မြတ်မိုးအေးသည် ဆ၇ာဝန်ကိုမေးမြန်းခြင်းဝက်ဘ်ဆိုဒ်တွက် မြန်မာစာတည်း တယောက်ဖြစ်ပါသည်။ သူမသည် ထိုင်းနိုင်ငံဘန်ကောက်မြို့၇ှိ တက္ကသိုလ်တခုမှ အဂ်လိပ်စာသင်ကြားေ၇း အထူးပြုဖြင့် ဘွဲ့လွန်ပညာ၇၇ှိထားပြီး အဂ်လိပ်စာဆ၇ာမဖြင့် ၇ပ်တည်နေပါသည်။ တဘက်မှာလည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ ကျန်းမာသက်၇ှည်နေထိုင်နိုင်ေ၇းအတွက် ဆ၇ာဝန်ကို မေးမြန်းခြင်းဝက်ဘ်ဆိုဒ်တွင် ကျန်းမာေ၇းနှင့် ပတ်သက်သောဗဟုသုတများကို မြန်မာဘာသာဖြင့်ေ၇းသားဖြန့်ဝေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *