မိတ်ဆွေ သူငယ်ချင်း အဖြစ်ကနေ အဆက်ဖြတ်လိုက်ဖို့ သိလာစေမယ့်အချက်များ

ပြတ်စဲခြင်း၊ လက်လွှတ်ခြင်း၊ အချည်အနှောင်များဖြတ်ချခြင်း ဘယ်လိုပဲပြောပါစေ ခင်မင်မှုကို အဆုံးသတ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒီလိုဆုံးဖြတ်ချက်နဲ့အတူ

သံသယတွေ၊ သောကတွေ ရှိနေတတ်ပါတယ်။

ခွဲခွာတဲ့နည်းလမ်းကို ရွေးချယ်ခြင်းဟာ အခက်ခဲဆုံးအရာတစ်ခု ဖြစ်နိုင်ပါတယ်။ ခင်မင်မှုအားလုံးဟာ အမြဲထာဝရတည်ရှိနေဖို့ မရည်ရွယ်ပါဘူး။ တရားဝင် ခွဲခွာဖို့ ကျရောက်တဲ့အချိန်အခါကို သိနားလည်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့ ခင်မင်မှုလက္ခဏာရပ်များကို ဆက်လက်ဖတ်ကြည့်ကြရအောင်ပါ။

၁။ သင်က အဆက်အသွယ်ရှိနေစေဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတယ်

ဘဝဟာ အရမ်းကိုအလုပ်တွေများပြားပြီး အချိန်နဲ့အမျှ အလုပ်ရှုပ်နေတတ်ကြပေမဲ့လည်း အဆက်အသွယ် မပြတ်စေဖို့ကို သင်ကသာ လုပ်ဆောင်နေသင့်တာမဟုတ်ပါဘူး။ ခင်မင်မှုဆိုတာ တစ်ဖက်တည်း မဟုတ်ပါဘူး။ ဒီလိုလုပ်ဆောင်တဲ့ အားထုတ်မှုဟာ အပြန်အလှန်ဖြစ်နေရမှာဖြစ်ပြီး တစ်ဦးကိုတစ်ဦး ကူညီပံ့ပိုးပေးနေရမှာပါ။

၂။ သင့်ကို အမြဲတမ်းလိုက်ပြိုင်နေသလို ခံစားရတယ်

သင့်တစ်ခုခုအောင်မြင်တာ၊ လုပ်ဆောင်နိုင်တာတွေကို သင့်သူငယ်ချင်းမိတ်ဆွေကို ပြောပြတိုင်းမှာ ယှဉ်ပြိုင်နေသလိုမျိုး အမြဲမပြတ် သင်ခံစားလာပြီဆိုရင် ဒါမှမဟုတ် ဒီထက်ပိုဆိုးတဲ့ မနာလိုခံရခြင်းမျိုး ခံစားလာရပြီဆိုရင် ဒီကြိုးကိုဖြတ်ပစ်ဖို့ အချိန်ပါပဲ။ ဘာလို့လဲဆိုတော့ မိတ်ဆွေအစစ်အမှန်ဆိုရင် သင့်အတွက် ဂုဏ်ပြုပေးချင်မှာ မို့လို့ပါပဲ။

၃။ အတွင်းစကားတွေ ပြောပြရာမှာ သင်အဆင်မပြေသလို ခံစားရတယ်

သူငယ်ချင်းမိတ်ဆွေ ခင်မင်မှုဟာလည်း တခြားကောင်းမွန်တဲ့ ဆက်ဆံရေးများအတိုင်း ခိုင်မာတဲ့ ယုံကြည်ချက်တစ်ခု ရှိဖို့ လိုအပ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုရာမှာ သင်ဟာ ၁ဝဝရာခိုင်နှုန်း သက်တောင့်သက်သာဖြစ်နေသင့်ပါတယ်။ မိတ်ဆွေအစစ်အမှန်ဆိုတာ သင်စိတ်ဓာတ်ကျနေချိန်မှာ သင့်စိတ်ဓာတ်ကိုမြှင့်တင်ပေးပြီး သင့်စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ သံသယတွေနဲ့ သင့်ကို ချန်မထားဘဲ သင့်ရဲ့ဆုံးဖြတ်ချက်တွေကို အားအင်တွေပေးစွမ်းသင့်ပါတယ်။

၎။ ခင်မင်မှုထက် ပိုတဲ့ဖြစ်ရပ်တွေ ရှိပါတယ်

လူသားတွေအားလုံးဟာ ဝတ္ထုဆန်တဲ့ဖြစ်ရပ်တွေ ပါတဲ့ ရုပ်သံဇာတ်လမ်းတွေကို နှစ်ခြိုက်ကြပါတယ်။ ဒါပေမဲ့ နေ့စဉ်ဘဝမှာ တွေ့ကြုံလာရတဲ့အခါ ဒါဟာ မတူညီတဲ့ ဖြစ်ရပ်တွေပါပဲ။ အရေးမပါတဲ့ အတင်းအဖျင်းတွေသာ မဟုတ်ပါဘူး အောင်မြင်မှုတွေ ထိခိုက်နာကျင်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလူတွေက မကောင်းတာတွေ ပြောနေပါစေ ရှေ့ဆက်သွားနေဖို့ပါပဲ။ ဒါ့အပြင် တခြားလူတွေအကြောင်းကို အပျက်ဘက်ကနေ ပြောဆိုပြီး စိတ်ကျေနပ်မှုကို ရှာဖွေတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်ဆုံးရတဲ့ဘဝဟာ အရမ်းတိုတောင်းလွန်းတယ်လို့ သင်မထင်ဘူးလား?

၅။ သူက သင့်ကိုတခြားမိတ်ဆွေသူငယ်ချင်းတွေမရှိစေချင်ဘူး အတ္တကြီးတာလား?

သင့်သူငယ်ချင်းတွေက သင့်ကိုတခြားမိတ်ဆွေသူငယ်ချင်းတွေရှိတဲ့အတွက် သင့်ကို အပြစ်ရှိသလိုခံစားစေမယ်ဆိုရင်တော့ နောက်ပြန်လှည့်မကြည့်ဘဲ ကျောခိုင်းလိုက်ပါ။ ဒါဟာ ရင့်ကျက်မှုမရှိတဲ့ ပုံစံမျိုးပါ။ သင်ဟာ ပိုကောင်းတဲ့သူငယ်ချင်းရှာတွေ့သွားမှာကို စိုးရိမ်တတ်ကြပါတယ်။

၆။ သင့်မှာရှိတဲ့အဆိုးဆုံးအရာကို ဖော်ဆောင်တတ်တယ်

လူအားလုံးဟာ တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုယ် စိတ်လွှတ်ပေးတတ်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့လည်း သင်ဟာ အရင်တုန်းကထက် ပိုပြီး မကောင်းတဲ့ အခြေအနေမှာသာ အမြဲတမ်းရှိနေမယ်ဆိုရင်တော့ ဒါဟာ မကောင်းတဲ့ ဖြစ်ရပ်များအဖြစ် ရှိနေမှာပါ။ မိတ်ဆွေသူငယ်ချင်းအစစ်အမှန်ဆိုတာ သင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ အဆင်မပြေထိခိုက်ခံစားနေရချိန်မှာ ပစ်မထားဘဲ သင့်ကို အားပေးပြီး လူသစ်ပြန်ဖြစ်လာအောင် လုပ်ဆောင်ပေးတတ်ပါတယ်။

၇။ သစ္စာဖောက်တာမျိုးတွေ ရှိခဲ့တယ်

သင်နဲ့ပတ်သက်တဲ့ မကောင်းကြောင်းတွေ၊ သင်ယုံကြည်လို့ ပြောပြတာတွေကို ဖြန့်ဝေနေတာမျိုးကို မိသွားခြင်းမျိုးပါ။ သစ္စာဖောက်ခြင်းဟာ အဆိပ်အတောက်ဖြစ်စေတဲ့ ခင်မင်မှုအတွက် အထင်ရှားဆုံး သတိပေးချက်တစ်ခုပါပဲ။ ဒါဆိုရင်တော့ အမြန်ဆုံးသာ အဆက်အသွယ်ဖြတ်လိုက်ပါ။

၈။ အချိန်ဟာ ခင်မင်မှုကို ဆက်လက်ရှိနေစေတဲ့တစ်ခုတည်းသော အရာပါ

ခင်မင်မှုဟာ နှစ်ပေါင်းများစွာ ဘယ်လောက်ပဲ ကြာညောင်းခဲ့ပါစေ အချိန်ဟာ သံယောဇဉ်ကို အကောင်းအတိုင်း ဆက်လက်ရှိနေစေမယ့် တစ်ခုတည်းသောအရာ မဖြစ်နိုင်ပါဘူး။ အချိန်တွေအများကြီး သင်အသုံးချခဲ့တဲ့ ခင်မင်မှုတစ်ခုဟာ သင့်ကို ပျော်ရွှင်စရာတွေ ယူဆောင်ပေးမလာဘူးဆိုတာ စဉ်းစားပါ။

Credit: Yoyarlay.com

Wanitcha Sumanat

Wanitcha Sumanat သည် ဆ၇ာဝန်ကိုမေးမြန်းခြင်း ၀က်ဘ်ဆိုဒ်( နိုင်ငံတကာ)နှင့် ကျန်းမာေ၇းစစ်ဆေးခြင်း (နိုင်ငံတကာ) စာတည်းချုပ်တယောက်ဖြစ်ပါ သည်။ သူမသည် သတင်းေ၇းသားခြင်းနှင့် အွန်လိုင်းပေါ်တွင် ဈေးကွက်မြှင့်တင်ခြင်း နယ်ပယ်များတွင် အတွေ့အကြုံ၇ှိသူတဦးလည်းဖြစ်ပါသည်။သူမသည် အကူသူနာပြု လက်ထောက်ဆေးဝါးကျွမ်းကျင်နှင့် လူထုကျန်းမာေ၇း (အဂ်လိပ်စာ) ဘာသာ၇ပ်များဖြင့် ဒီပလိုမာဘွဲ့၇၇ှိထားပါသည်။သူမသည် ထိုင်းနိုင်ငံ၇ှိ ဆေး၇ုံတွင် ခွဲစိတ်အကူသူနာပြုတယောက်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *