မမေ့သင့်ဘာ.. ယောကျာ်းမှန်ရင်ပေါ့ ..

“​အောင်​…..နှုတ်​ခမ်းနီဘာ​အ​ရောင်​ကြိုက်​လဲဟင်”

ပထမ​တော့နည်းနည်း​ကြောင်​သွားသည်​။ ဒါ​ပေမယ့်​ အမြန်​ပဲတုန့်​ပြန်​မိလိုက်​သည်​။

“သဲနဲ့က အနီ​ရောင်​ရင့်​ရင့်​​လေးဆိုပိုလိုက်​တယ်​ အဲ့ဒါပဲဝယ်​ခဲ့လိုက်​​လေ”

အခုတ​လော သူမကအနည်းငယ်​ထူးဆန်းလာသည်​။ သူအသုံးပြုမည့်​ပစ္စည်း​လေး​တွေဝယ်​ခါနီးတိုင်း ကိုယ့်​ကို​မေး​လေ့ရှိသည်​။ အရင်​တုန်းက သူ့အကြိုက်​​လေး​တွေကို ကိုယ်​က​မေးပြီးဝယ်​​ပေး​နေကျ။ အခုကျ​တော့ ​ပြောင်းပြန်​ဖြစ်​လာသလို ခံစားလာရသည်​။

လက်​ကိုင်​ပဝါ၊ အင်္ကျီ၊ ဖိနပ်​၊ ​ခေါင်းစည်းကြိုးကအစ ဝယ်​ခါနီးတိုင်း ကိုယ့်​ကို​မေးပြီးမှ ဝယ်​သည်​။ စ​မေးခံရခါစတုန်းက​တော့ စိတ်​နည်းနည်းရှုပ်​ရသည်​။ ဘယ့်​နှယ့်​မိန်းက​လေးအသုံးအ​ဆောင်​ပစ္စည်း​တွေကို ဘာကြိုက်​လဲ လာလာ​မေး​နေရသလား​ပေါ့။ ​နောက်​ပိုင်းမှာ တစ်​ခုခုကို နားလည်​လိုက်​သည်​။ အဲ့ဒီ​နေ့ကစပြီး သူ​မမေးတိုင်းစိတ်​ရှည်​ရှည်​ထားပြီး ပြန်​​ဖြေဖြစ်​သည်​။
ပြီးရင်​ သူမဝယ်​ခဲ့တဲ့ပစ္စည်း​လေးနဲ့ အရမ်းလိုက်​ဖက်​​ကြောင်းကို အမွှန်းတင်​ဖြစ်​သည်​။

“ဒီ​ဖိနပ်​​လေးနဲ့ သဲနဲ့က အရမ်းလိုက်​တယ်​ကွာ ကိုယ်​တို့စ​တွေ့တဲ့​နေ့​လေးကို​တောင်​ သတိရသွားတယ်”

“ဒီင်္ကျီ​လေးက သဲနဲ့အရမ်းလိုက်​တာပဲ နှင်းဆီပန်း​လေးကို ​ဘောင်​ကွပ်​ထားသလိုပဲ ပိုလှသွားတယ်”

“ငါ့မိန်းမကပြင်​လိုက်​ဆင်​လိုက်​ရင်​ အခု​ခေတ်​လှပါတယ်​ဆိုတဲ့ မင်းသမီး​တွေ​လောက်​​တော့ သနားတာ​ပေါ့ကွာ​နော”

ဒီစကား​လေး​တွေ အခုရက်​ပိုင်းမှာ ပိုပြီး​ပြောဖြစ်​ခဲ့သည်​။ အရင်​ကဘာလို့ ဒီလို​တွေမ​ပြောဖြစ်​ခဲ့တာလည်း ပြန်​စဉ်းစားမိသည်​။ တစ်​ခုခုကို နားမလည်​​သေးလို့်​သာဖြစ်​မည်​။

တစ်​ခုခုကိုနားလည်​ရမည်​။ အဲ့ဒီတစ်​ခုခုဆိုတာ ဘာလဲသိ​အောင်​ သူမကသာသင်​ပြ​ပေးသွားသည်​။

တက္ကသိုလ်​​ကျောင်းသားဘဝတုန်းက သူမသည်​ အလှဘုရင်​မဖြစ်​သည်​။ ကိုယ်​နဲ့အပြိုင်​ပိုးပန်းတဲ့သူ​တွေ ဒုနဲ့​ဒေး။
လူတိုင်းက သူမအလှကို အမွှန်းတင်​ကြသည်​။ ကိုယ်​​တွေလည်းပါသည်​။ သူမရဲ့အလှကို ကဗျာ​တွေ​ရေးသည်​။ သီချင်း​တွေစပ်​သည်​။ စိတ်​ကူးထဲမှာပုံ​ဖော်​သည်​။ တစ်​​နေ့မမြင်​ရရင်​ မ​နေနိုင်​​လောက်​​အောင်​ကို ဖြစ်​ခဲ့ဖူးသည်​။ ဒီ​လောက်​ထိ သူမရဲ့အလှကို စွဲလမ်းခဲ့ရသည်​။

အခုကျ​တော့ အဲ့ဒီအလှဘုရင်​မဖြစ်​ခဲ့သူက သူ့ရဲ့အလှကို ကျ​နော်​ သတိထားမိ​အောင်​ ခဏခဏပြန်​​မေး​နေရရှာသည်​။

“​အောင်​​ရေ…သဲနဲ့ဒီစကတ်​​လေး လိုက်​လှဟင်”

“ဒီမျက်​မှန်​​လေးတပ်​လိုက်​ရင်​ ပိုလှသွားလား သဲကိုကြည့်​ပါအုံး”

“ဒီပဝါ​လေးကို အ​ပေါ်မှာလွှားလိုက်​ရင်​ ရုပ်​ဆိုးသွားလားဟင်”

ဒီစကား​တွေကို ​မေးခံရပါများလာ​တော့ ကျ​နော်​အဲဒီတစ်​ခုခုကို နားလည်​လိုက်​ရသည်​။ သူမက ဝတ်​စုံတစ်​ခုဝတ်​တိုင်း မှန်​ကြည့်​ဖို့ထက်​ ကျ​နော့်​ကိုသာ​မေးသည်​။ မှန်​ထက်​ ကျ​နော့်​ကိုယုံသည်​ထင်​သည်​။ ရှင်းရှင်း​ပြောရရင်​ ကျ​နော်​အသိအမှတ်​ပြုတာကို လိုချင်​ရှာသည်​။

မှန်​ထဲမှာသူမကိုယ်​သူမှ ပြန်​မြင်​​နေရပုံမှာ လူအများ၏ အမြင်​နှင့်​ထပ်​တူသာဖြစ်​မည်​။

သူမလိုချင်​သည်​က အများ၏အမြင်​မဟုတ်​။ ကျ​နော့်​၏အမြင်​သာဖြစ်​သည်​။ ကျ​နော့်​အမြင်​မှာ သူမဟာ လှ​နေ​သေးရဲ့လားဆိုတာဖြစ်​သည်​။

ဒီ​ခေတ်​မှာ အိမ်​​ထောင်​ကျပြီဆိုရင်​ ​ယောကျာ်း​ရော မိန်းမ​ရော ချစ်​နေရုံနဲ့ မရ​တော့ပါ။ ​ခေတ်​စနစ်​နဲ့ ယှဉ်​ပြီး လူတန်း​စေ့​နေနိုင်​​အောင်​ နှစ်​​ယောက်​လုံးကြိုးစားကြရသည်​။ အိမ်​​ထောင်​တာဝန်​၊ မိဘတာဝန်​၊ သားသမီးတာဝန်​​တွေကို မျှ​ဝေပြီးယူကြရသည်​။ ဒီ​တော့ စိတ်​ဖိစီးမှု​တွေများလာသည်​။ ကိုယ့်​အိမ်​​ထောင်​ဖက်​အ​ပေါ်မှာလည်း အရင်​​လောက်​ အချိန်​မ​ပေးနိုင်​ကြ​တော့။ နှစ်​ဦးနှစ်​ဖက်​ အပြန်​အလှန်​ဂရုစိုက်​မှု​တွေနည်းလာတဲ့ ဒဏ်​ကို ပိုခံရတဲ့သူက သူမလို အမျိုးသမီး​တွေသာဖြစ်​မည်​ထင်​သည်​။

ယခင်​က တစ်​​နေ့မမြင်​ရရင်​မ​နေနိုင်​​သောအလှ၊ ခက်​ခက်​ခဲခဲပိုးပန်းခဲ့ရ​သောအလှ၊ တစ်​ကမ္ဘာလုံး သူမသာအလှဆုံးဆိုတဲ့အလှ ….. ဒီအလှကို အမွှန်းတင်​ဖို့ကျ​နော်​​မေ့​နေခဲ့သည်​။ ကျ​နော်​ဂရုစိုက်​မှု​တွေ​လျော့လာတဲ့အချိန်​ကစပြီး သူမဘယ်​​လောက်​ခံစားရရှာမည်​နည်း။

ယခင်​က … သဲကသိပ်​လှတာပဲကွာဟု ကျ​နော်​က ခဏခဏ​ပြောဖြစ်​သည်​။
အခု … သူမကိုယ်​တိုင်​ သဲလှရဲ့လားလို့ တတွင်​တွင်​​မေး​နေရရှာသည်​။

ကျ​နော့်​ကိုယ်​ကျ​နော်​တရားရဲ့လားလို့ပြန်​စဉ်​စားမိသည်​။ တဖက်​မှာ သူမကို သနားစိတ်​ဝင်​လာသည်။
ဟုတ်​သည်​…….သူမရဲ့အလှ​တွေကို အမွှန်းတင်​ဖို့ ကျ​နော်​လစ်​ဟင်း​နေခဲ့သည်​။

ကိုယ်​ချစ်​ရတဲ့ဇနီးကို မင်းကသိပ်​လှတာပဲကွာဟု​သော စကားတစ်​ခွန်း​ပြောဖို့ ကျ​နော်​တို့ ပုရိသ​တွေအတွက်​ မခက်​ဘူးဟု ထင်​ပါသည်​။

မနက်​ခင်း အိပ်​ယာထတာနဲ့ ခင်​ဗျားမိန်းမရဲ့နဖူး​လေးကို နမ်းပြီး မင်းကသိပ်​လှတာပဲမိန်းမရာဟု​ အမွှန်းတင်​လိုက်​ပါ။

ကျ​နော်​တို့ရဲ့ ​နေ့စဉ်​တိုင်းဟာ သိပ်​ကိုသာယာသွားမှာပါ။ ကျ​နော်​တို့ဟာ အတ္တကြီးသူ​တွေမဟုတ်​ကြဘူး​လေဗျာ ​နော။

Credit: Phothutaw.com

Wanitcha Sumanat

Wanitcha Sumanat သည် ဆ၇ာဝန်ကိုမေးမြန်းခြင်း ၀က်ဘ်ဆိုဒ်( နိုင်ငံတကာ)နှင့် ကျန်းမာေ၇းစစ်ဆေးခြင်း (နိုင်ငံတကာ) စာတည်းချုပ်တယောက်ဖြစ်ပါ သည်။ သူမသည် သတင်းေ၇းသားခြင်းနှင့် အွန်လိုင်းပေါ်တွင် ဈေးကွက်မြှင့်တင်ခြင်း နယ်ပယ်များတွင် အတွေ့အကြုံ၇ှိသူတဦးလည်းဖြစ်ပါသည်။သူမသည် အကူသူနာပြု လက်ထောက်ဆေးဝါးကျွမ်းကျင်နှင့် လူထုကျန်းမာေ၇း (အဂ်လိပ်စာ) ဘာသာ၇ပ်များဖြင့် ဒီပလိုမာဘွဲ့၇၇ှိထားပါသည်။သူမသည် ထိုင်းနိုင်ငံ၇ှိ ဆေး၇ုံတွင် ခွဲစိတ်အကူသူနာပြုတယောက်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *